Windows 10 မြန်မာစာမှန်အောင်လုပ်မယ်...🔎🖥















အရင်ဦးဆုံး ကီးဘုတ်နဲ့ ဖောင့်ကို Install လုပ်ထားဖို့  လိုပါ

တယ်။ အများအသုံးပြုကြတဲ့ ဇော်ဂျီဝမ်းဖောင့်နဲ့ ကီးဘုတ်ကို မိမိ

စက်မှာထည့်ထားပါ။ မရှိသေးရင် လိုင်းပေါ်မှာရှာပြီး ဒေါင်းလုဒ်ဆွဲပါ။

  ပြီးရင် ဇော်ဂျီဝမ်းဖောင့်အပေါ်မှာ Right click နှိပ်ပြီး

Install လုပ်ပါ။ နောက်တစ်ခါ ဇော်ဂျီကီးဘုတ်ထဲက

Setup.exe ကို Right click နှိပ်၊ Run as

Administrator ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Finish

ကို နှိပ်ပါ။ အခုဆိုရင် ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်ကို Install လုပ်ပြီးသွားပြီ။

ထည့်ထားတာမှန်၊မမှန် အရင်ကြည့်လိုက်ပါဦး။ Run box မှာ

 appwiz.cpl လို့ ရိုက်ထည့်ပြီး

Program&Featureမှာ သွားကြည့်လိုက်ပါ။ အောက်ဆုံ

မှာ Zawgyi Myanmar Unicode

L Keyboard ကိုတွေ့ ရင် Keyboard Install လုပ်

တာပြီးသွားပါပြီ။ အခု ဇော်ဂျီဝမ်းဖောင့် ထည့်တာမှန်၊မမှန် သွား

စစ်ကြည့်ပါဦး။

Run box မှာ fonts လို့ ရိုက်ထည့်လိုက်ပါ။ ဒါမှ မဟုတ်

All Control Panel ထဲက Fonts ဖိုဒါကို နှိပ်ဝင်လိုက်

ပါ။ ဇော်ဂျီဝမ်းဖောင့်ကို ရှာပါ။ တွေ့ ရင် ရပါပြီ။ တကယ်လို့  ဇော်

ဂျီဝမ်းဖောင့်က အဖြုရောင်မိန်မိန်လေးနဲ့ ဖြစ်နေတယ်ဆိုရင် အဲ့

အပေါ်ကို Right Click နှိပ်လိုက်ပါ။ Show ကိုနှိပ်လိုက်ပါ

 မိန်နေတဲ့ဟာလေးပျောက်သွားပါမယ်။ အခုဆိုရင်

 ဇော်ဂျီဝမ်းဖောင့်ထည့်တာပြီးသွားပြီ။ ဇော်ဂျီဝမ်းဖောင့်လည်း

 ထည့်ပြီးပြီ၊ ကီးဘုတ်လည်း ထည့်ပြီးပြီဆိုတော့ စာရိုက်တဲ့အခါ

မှာ ကီးကုတ်ရွေးလို့ ရအောင် Settings မှာ သွားပြင်ပေးရ

မယ်။ တစ်ချို့ စက်တွေက ကီးဘုတ်ထည့်ပြီးသော်လည်းပြောင်းေ
ပးမှ ရပါတယ်။

Control Panel ထဲက Language ထဲကို ဝင်လိုက်ပါ။
English (US) Keyboard ဘေးမှာ Zawgyi

Myanmar Unicode L Keyboard ကိုတွေ့ြ

ပီလား၊ မရှိရင် ဘေးက Options ကိုနှိပ်ပြီး

Zawgyi Myanmar Unicode L Keyboard

ကိုရွေး၊ Add လုပ်ပေးပါ။ အဲ့ဆိုတော့ English (US)

Keyboard ဘေးမှာ US နဲ့ Zawgyi Myanmar

Unicode L Keyboard နှစ်ခုကိုတွေ့ ရမယ်။ တစ်ခြား

ကီးဘုတ်တွေ မလိုပါ။ အကုန် Remove လုပ်ပါ။ တစ်ခြား

ဘာသာစကားပြောဆိုနေရသူတွေတော့ ထည့်ထားပါ။ အခု

Zawgyi Myanmar Unicode L Keyboard

က စက်မှာ စာရိုက်မယ်ဆိုရင် Ctrl + Shift နဲ့ ပြောင်းပြီး

အင်္ဂလိပ်စာနဲ့ ဇော်ဂျီဝမ်းဖောင့်အတွက်ပဲရမယ်။ ယူနီကုတ်နဲ့ ရေး

လို့ မရသေးဘူး။ ယူနီကုတ်ရဖို့ Myanmar 3 Font ကို

ထည့်ထားပါ။ ပြီးရင် Windows10 မှာ English (US)

Keyboard ရဲ့ အောက်မှာမြန်မာစာ keyboard

layout မရှိသေးရင် အပေါ်က Add a Language ကို

နှိပ်ပြီး မြန်မာကီးဘုတ် layout ကိုရွေးပေးပါ။

စက်ရဲ့ Default က ယူနီကုတ်နဲ့ ရိုက်မယ်ဆိုရင်

Alt+Shift နဲ့ ပြောင်းပေးရမယ်။ မိမိစိတ်ကြိုက်

 ပြောင်းချင်တယ်ဆိုရင် Advanved Settings ကိုဝင်ပါ။

 Change Language bar hot keys ကို ဝင်ပါ။

Change key sequence ထဲဝင်ပြီး English,

Zawgyi One, Unicode တွေကို ဘယ်ကီးနဲ့ ပြောင်း

ချင်းလဲ ရွေးပြီး Ok နှိပ်ပါ။

အကုန်ပြီးသွား Save နှိပ်ဖို့ မမေ့ပါနဲ့ ။

Notepad,Word ကိုဖွင့်ပြီး မြန်မာစာရိုက်ကြည့်လိုက်ပါ။

Keyboard bar မှာ အောက်ကပုံနံပါတ်ရှစ်လိုပဲ သုံးမျိုးရေ

နရမယ်နော်။ အဲ့ဒီပုံမှာ ဇော်ဂျီဝမ်းနဲ့ စာရိုက်နေလို့ Eng လို့ 

ပဲပေါ်နေမယ်။ English စာကို Ctrl + Shift နဲ့ ပြောင်း

ရိုက်ရင် ENG US လို့  ပေါ်မယ်။ ယူနီကုတ်ကို Alt+Shift

နဲ့  ပြောင်းရိုက်ရင် မြန်မာစာ လို့ ပေါ်နေမယ်။

Notepad,Word မှာ မြန်မာစာကို ဇော်ဂျီဝမ်းနဲ့ စမ်းရိုက်

ကြည့်ပါ။ မြန်မာစာမမှန်သေးရင် မိမိစမ်းရိုက်ထားတဲ့စာကို

အကုန် Select လုပ်ထားပြီး အပေါ်က Format ထဲက

Fonts ထဲကို နှိပ်ဝင်လိုက်ပါ။ ယူနီကုတ်နဲ့ ရိုက်ရင်

Myanmar3 ပေး၊ ဇော်ဂျီနဲ့ ဆိုရင် ဇော်ဂျီဝမ်းကို ရွေးပြီး

Ok နှိပ်ပေးလိုက်ပါ။ မြန်မာစာမှန်သွားပါမယ်။ မမှန်သေးရင်

စက်ကို Restart ချပေးလိုက်ပါ။ Chrome

andFirefox Browser တွေ မြန်မာစာမမှန်ရင် အောက်

က ပုံမှာ ပြထားတဲ့ ဝင်ပြောင်းကြည့်ပါ။ Microsoft

Application တွေမှာတော့ Zawgyi One ကို

Support မလုပ်ဘူးထင်တယ်။ ယူနီကုတ်နဲ့  ရေးထားတဲ့

စာတွေမှ မြန်မာစာမှန်မှာပါ။ အခုဖော်ခဲ့တဲ့နည်းတွေနဲ့ မြန်မာစာမ

မှန်သေးဘူးဆိုရင် Registry ထဲမှာပြင်ပေးရတဲ့နည်းရှိပါသေး

တယ်။ ဒါပေမယ့် တစ်ခုခုမှားသွားရင် စက်ကြောင်သွားတတ်လို့ 

မဖော်ပြတော့ပါဘူး။ အပေါ်ကနည်းတွေအတိုင်းသာ လုပ်ကြည့်

ရင် မြန်မာစာမှန်နိုင်ပါတယ်။ မြန်မာစာမှန်အောင် အသင့်လုပ်

ထားတဲ့ဆော့ဝဲလ်တွေလည်း ရှိပါတယ်။ အခုဖော်ပြပေးခဲ့တာက

Windows10 အတွက် ဖြစ်ပါတယ်။

သင်ဆရာ မြင်ဆရာများနဲ့သက်ဆိုင်သူအားလုံးကိုလေးစားစွာ

အသိမှတ်ပြုပါတယ်

#N.M.T.Y(Today For)

Comments

Popular posts from this blog

"ITစာအုပ်မဲ့နည်းပညာစာအုပ်များ"

📲 iOS နဲ့ Android ဆိုတာ ဘာလဲ ☎

💻ကွန်ပျူတာကို_ဆရာကျကျ_အသုံးပြုချင်သူများအတွက် 💻