*Net Frame Installation Error Solution*

Windows Features တွေကို Enable လုပ်နည်း (သို့ မဟုတ်)
Net Frame Installation Error ကို ဖြေရှင်းနည်း👨‍💻

Windows 8,8.1,10,Windows Server 2012 R2, Server 2012 တွေကို Installation လုပ်ပြီးတဲ့အခါမှာ Software တစ်ခုကို install လုပ်လိုက်ရင် “Net Frame v2.0, 3.5 Required” ဆိုပြီး Error Message တက်လာပါတယ်။ Net Frame v2.0, 3.5 က Windows Features ဖြစ်တာကြောင့် အဲ့ဒါကို Programs and Features ထဲဝင်၊ Turn Windows Features On or Off ထဲဝင်သွားပြီး .Net Frame ကို အမှန်ခြစ်ပေး Turn On လုပ်လိုက်တော့ “Windows couldn’t complete the requested changes- Error Code 0x800f081f” လို့ Error ပြလာတယ်။ ဒါဘာကြောင့်ဖြစ်ရသလဲဆိုတော့ ကျွန်တော်တို့ တင်လိုက်တဲ့ Operation System တစ်ခုက Updated မဖြစ်တာ၊ OS တစ်ခုမှာ ပါသင့်ပါထိုက်တဲ့ Files တွေ မစုံ၊မပါဝင်တာကြောင့် Software တစ်ခု Run ဖို့ .Net Frame 2.0, 3.5 ကို Turn On, Enable, Install လုပ်ပေးဖို့ လိုအပ်တာပါ။ ဒီ Error ကို ဖြေရှင်းဖို့ အင်တာနက်ကောင်းကောင်းရရင် Windows Update လုပ်လိုက်ရင် အဆင်ပြေပါတယ်။ ဒါပေမယ့် ဘေလ်အကုန်ကျများမယ့် Windows update မလုပ်ပဲ Windows Feature တွေကို Enable လုပ်နည်းရှိပါတယ်။ အရင်ဦးဆုံး Microsoft-Dot-Net-Framework-35-Offline-Installer လို့ ရိုက်ရှာပြီး microsoft-windows-netfx3-ondemand-package.cab (.cab) File ကို download ဆွဲပါ။ https://blogs.technet.microsoft.com/jessicadeen/microsoft/how-to-fix-windows-error-code-0x800f081f/ ထဲက အပြာရောင်လေးနဲ့ Here ထဲကိုဝင်ပြီး download ဆွဲလိုရတယ်။ Download ဆွဲပြီးသား Zip File ကို Windows တင်ထားတဲ့ Drive C:\ အောက်တည့်တည့်မှာ Zip file အလိုက် Copy, Paste ချပါ။ ပြီးရင် Search Box မှာ Windows PowerShell ရိုက်ထည့်ပြီး ပေါ်လာရင် Windows PowerShell ကို Right Click နှိပ်ပြီး Administrator နဲ့ ဖွင့်၊ Run လုပ်ပါ။ တစ်ချို့ စက်တွေမှာ Cmd ကို Administrator နဲ့ ဖွင့်လည်းရတယ်။ PowerShell command prompt ထဲမှာ Dism.exe /online /enable-feature /featurename:NetFX3 /source:C:\ /LimitAccess ကို space ခြားတာကအစ လုံးဝမမှားစေဘဲ သေချာရိုက်ထည့်ပြီး Enter နှိပ်ပါ။ Copy, Paste ချရင် တစ်ခါတစ်လေမှာ အလုပ်မလုပ်တတ်ပါ။ Enabling Feature(s) 100.0% ဖြစ်တဲ့အထိစောင့်ပါ။ ပြီးရင်စာတွေပေါ်လာပြီး The Operation Completed Successfully လို့ ပေါ်လာရင် အိုကေသွားပါပြီ။ Completed Successfully မဖြစ်ရင် ခုနက prompt မှာ ရိုက်ထည့်တာ မှားလို့ ပါ။ သေချာပြန်ရိုက်ထည့်ပါ။ Windows Features တွေ Enable ဖြစ်သွားပြီဆိုတော့ Programs and Features ထဲဝင်၊ Turn Windows Features On or Off ထဲဝင်သွားပြီး .Net Frame ကို အမှန်ခြစ်ပေး။ Turn On လုပ်ပြီးရင် Install လုပ်လို့ မရတဲ့ Software ကို install ထပ်လုပ်ကြည့်ပါ။ အိုကေသွားပြီမို့ လား။ တစ်ခြားနည်းတွေလည်းရှိသေးတယ်နော်။
အဆင်ပြေမယ်လို့မျော်လင့်မိပါတယ်😊😊
#Nay Myo ThuYa




Comments

Popular posts from this blog

"ITစာအုပ်မဲ့နည်းပညာစာအုပ်များ"

📲 iOS နဲ့ Android ဆိုတာ ဘာလဲ ☎

💻ကွန်ပျူတာကို_ဆရာကျကျ_အသုံးပြုချင်သူများအတွက် 💻