#Virtualbox မွာ OS Version ေရြးရင္ 32 bit ပဲျဖစ္ေနတယ္ဆိုရင္👨💻
ကြ်န္ေတာ္ တစ္ျခား OS ေတြ စမ္းသုံးၾကည့္ခ်င္တာနဲ ့လက္ရွိသုံေနတဲ့ Windows 10 ေပၚမွာ Virtualbox ေနာက္ဆုံး Version တစ္ခုတင္လိုက္တယ္။ ကြ်န္ေတာ့္စက္က 64 bit System Type ျဖစ္ေပမယ့္ Linux OS ေတြ တင္လိုက္ေတာ့ System Type ေရြးတဲ့ေနရာမွာ 32 bit ပဲျဖစ္ေနတယ္။ ဒါကို ေျဖရွင္းဖို ့BIOS ထဲဝင္ျပီး Virtualization ကို Enable လုပ္မလို ့ BIOS ထဲဝင္လိုက္တယ္။ စက္က ေမာ္ဒယ္ျမင့္လို ့လား၊ Acer Brand ေၾကာင့္လားမသိဘူး။ 😝😜😂 BIOS Security ထဲမွာ Virtualization ဆိုတာ မပါဘူး။ တစ္ျခား Tab ေတြမွာလည္း ရွာၾကည့္ေသးတယ္။ မပါဘူး။ ကြ်န္ေတာ့္စက္မွာ မပါတာေနာ္။
တစ္ျခားစက္ေတြမွာေတာ့ ပါတယ္။ အဲ့ေတာ့ ဘယ္လိုေျဖရွင္း မလဲ။
ကြ်န္ေတာ္ကေတာ့ ဒီလို ေခါင္းခဲစရာ Error ေတြ ရွိလာရင္ ပထမဆုံးအေနျဖင့္ Google မွာ ရိုက္ရွာၾကည့္ျပီး ကိုယ္ကိုယ္တိုင္ အရင္ေလ်ွာက္ကလိလိုက္ေသးတယ္။ FB ေပၚမွာ လိုက္မေမးေနဘူးဆိုပါေတာ့။ 😜😂 ကလိလြန္းလို ့ Data ေတြအကုန္ပ်က္ခဲ့ဖူးျပီ၊ ကြန္ပ်ဴတာတစ္လုံး မီးအေလာင္ခံလုိက္ရျပီ၊ တစ္ျခားအေသးအမႊား ျပႆနာေတြလည္း တက္ခဲ့ဖူးျပီးျပီ။😭😭😂 ကိုယ္တိုင္လုပ္လို ့မွ လုံးဝမရေတာ့ဘူးဆိုရင္ ကိုယ့္ထက္ တတ္သိတဲ့သူေတြကို ေမးလိုက္တယ္။ အခု ဒီ Error ကိုေတာ့ Google မွာ ရိုက္ရွာၾကည့္လို ့သိလုိက္ရတယ္။ အဓိက တရာခံကေတာ့ Server 2008 ကစျပီး Windows 8,10 ေတြမွာ ပါတဲ့ Hyper-V ေၾကာင့္ပါ။ Control Panel\All Control Panel Items\Programs and Features ထဲက Windows Features မွာ Hyper-V ကို အမွန္ျခစ္ေရြး On လုပ္ထားခဲ့ရင္ Virtualbox မွာ 64 bit ကို ေရြးလုိ ့မရဘူး။ Windows Features ထဲက Hyper-V ကို ျဖဳတ္လိုက္ေတာ့ 64 bit OS type ကို ေရြးလို ့ရသြားတယ္။ Hyper-V ကလည္း Vitualbox, VMware တို ့နဲ ့အတူတူပဲေနာ္။ သိပ္မကြာဘူး။ အသုံးျပဳပုံေတြ ရႈပ္တာကလြဲလို ့ေပါ့။😜😜😂 ကြ်န္ေတာ္ကေတာ့ Windows Features တစ္ခုျဖစ္ေပမယ့္ ရႈပ္လ့ို မသုံးဘူး။ VMware လည္းမသုံးဘူး။ Latest OS Version ေတြ တင္လို့ရေပမယ့္ တစ္ျခား အနိမ့္ OS ေတြ တင္ရင္ ကိုယ့္စက္နဲ ့မကိုက္လို ့။ 64 bit ေရြးမရပဲ၊ 32 bit ျဖစ္ေနရင္ေတာ့ ခင္မ်ားစက္က 32 bit OS သို ့မဟုတ္ တစ္ျခားျပႆနာေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္ေနာ္။ 😉👨💻😀
*********************************
အဆင္ေျပႀကပါေစေအာက္မွာUnicodeေလးပါေပးထားတယ္ေနာ္
#nay myo thu ya
Unicode
Virtualbox မှာ OS Version ရွေးရင် 32 bit ပဲဖြစ်နေတယ်ဆိုရင်👨💻
ကျွန်တော် တစ်ခြား OS တွေ စမ်းသုံးကြည့်ချင်တာနဲ့ လက်ရှိသုံနေတဲ့ Windows 10 ပေါ်မှာ Virtualbox နောက်ဆုံး Version တစ်ခုတင်လိုက်တယ်။ ကျွန်တော့်စက်က 64 bit System Type ဖြစ်ပေမယ့် Linux OS တွေ တင်လိုက်တော့ System Type ရွေးတဲ့နေရာမှာ 32 bit ပဲဖြစ်နေတယ်။ ဒါကို ဖြေရှင်းဖို့ BIOS ထဲဝင်ပြီး Virtualization ကို Enable လုပ်မလို့ BIOS ထဲဝင်လိုက်တယ်။ စက်ကမော်ဒယ်မြင့်လို့လား၊ Acer Brand ကြောင့်လားမသိဘူး။😝😜😂 BIOS Security ထဲမှာ Virtualization ဆိုတာ မပါဘူး။ တစ်ခြား Tab တွေမှာလည်း ရှာကြည့်သေးတယ်။ မပါဘူး။ ကျွန်တော့်စက်မှာ မပါတာနော်။ တစ်ခြားစက်တွေမှာတော့ ပါတယ်။
အဲ့တော့ ဘယ်လိုဖြေရှင်း မလဲ။ ကျွန်တော်ကတော့ ဒီလို ခေါင်းခဲစရာ Error တွေ ရှိလာရင် ပထမဆုံးအနေဖြင့် Google မှာ ရိုက်ရှာကြည့်ပြီး ကိုယ်ကိုယ်တိုင် အရင်လျှောက်ကလိလိုက်သေးတယ်။ FB ပေါ်မှာ လိုက်မမေးနေဘူးဆိုပါတော့။😜😜😂 ကလိလွန်းလို့ Data တွေအကုန်ပျက်ခဲ့ဖူးပြီ၊ ကွန်ပျူတာတစ်လုံး မီးအလောင်ခံလိုက်ရပြီ၊ တစ်ခြားအသေးအမွှား ပြဿနာတွေလည်း တက်ခဲ့ဖူးပြီးပြီ။😭😭😂ကိုယ်တိုင်လုပ်လို့မှ လုံးဝမရတော့ဘူးဆိုရင် ကိုယ့်ထက် တတ်သိတဲ့သူတွေကို မေးလိုက်တယ်။ အခု ဒီ Error ကိုတော့ Google မှာ ရိုက်ရှာကြည့်လို့သိလိုက်ရတယ်။ အဓိက တရာခံကတော့ Server 2008 ကစပြီး
Windows 8,10 တွေမှာ ပါတဲ့ Hyper-V ကြောင့်ပါ။ Control Panel\All Control Panel Items\Programs and Features ထဲက Windows Features မှာ Hyper-V ကို အမှန်ခြစ်ရွေး On လုပ်ထားခဲ့ရင် Virtualbox မှာ 64 bit ကို ရွေးလို့မရဘူး။ Windows Features ထဲက
Hyper-V ကို ဖြုတ်လိုက်တော့ 64 bit OS type ကို ရွေးလို့ရသွားတယ်။ Hyper-V ကလည်း Vitualbox, VMware တို့နဲ့အတူတူပဲနော်။ သိပ်မကွာဘူး။ အသုံးပြုပုံတွေ ရှုပ်တာကလွဲလို့ပေါ့။ 😜😂 ကျွန်တော်ကတော့ Windows Features တစ်ခုဖြစ်ပေမယ့် ရှုပ်လို့ မသုံးဘူး။ VMware လည်းမသုံးဘူး။ Latest OS Version တွေ တင်လို့ရပေမယ့် တစ်ခြား အနိမ့် OS တွေ တင်ရင် ကိုယ့်စက်နဲ့မကိုက်လို့။ 64 bit ရွေးမရပဲ၊ 32 bit ဖြစ်နေရင်တော့ ခင်များစက်က 32 bit OS သို့မဟုတ် တစ်ခြားပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တယ်နော်။ 😉👨💻😀
********************************
Comments
Post a Comment