💂💂💂💂💂💂💂💂💂💂💂💂💂💂💂 🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴🌴 မိမိ လက်ရှိ အသုံးပြုနေသော Computer မှာ Virus ကူးစက်ခံနေရပြီလား? Error Messages တွေရော မကြာ ခဏ လက်ခံ ရရှိနေပြီလား ? ထိုကဲ့သို့ ဖြစ်ပေါ်မူ့များသည် ကမ္ဘာ တစ်ဝှမ်းလုံး တွင်ရှိသော Computer အသုံးပြုသူ Users တိုင်းလိုလို ကြုံတွေ့နေရသော ပြသာနာပင် ဖြစ်ပါသည်။ ထိုကဲ့သို့ Virus ကူးစက်ခံရခြင်းကြောင့် မိမိစက်ထဲရှိ အရေးကြီးသော Data များ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း များ နှင့် ကြုံတွေ့လာကြရပါသည်။ ထို့ကြောင့် မိမိ၏ Computer ကို Viruses နှင့် အခြား Malware များကူးစက်ခြင်းမှ ကာကွယ်ရန် ပြုလုပ်သင့်သော အချက်များကို အောက်တွင် ဖော်ပြထားပါသည်။ ပထမဦးစွာ Virus ကူးစက်ခံရသည့် နည်းလမ်းများ ထဲမှ တစ် ခုမှာ E-mail မှ ကူးစက်ခြင်းဖြစ်ပါသည်။ ထို့ကြောင့်Virus ကူးစက်ခံရမူ့ကင်းဝေးစေရန် အတွက် မိမိ၏ Contact Lists တွင်ရှိသော ယုံကြည်ရသော နေရာမှ လာသော E-mail များကိုသာ ဖွင့်ဖတ်သင့်ပါသည်။ မိမိက Private email host (eg- Gmail, Yahoo, Hotmail) များကို အသုံးပြုမည် ဆိုလျှင်လည်း Spam Filter ဖြင...